|
Friday, 22 January 2010 |
|

Entourage eDGe ဟာ screen နှစ်ခုပါဝင်တဲ့ textbook ဖြစ်ပြီး e-reader, netbook, notepad, audio/video recorder နဲ့ player တို့ပေါင်းစပ်ပါဝင်ပါတယ်။
ပညာရေးဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကာ ၉.၇ လက်မအရွယ် E-Ink display နဲ့ ၁၀.၁ လက်မအရွယ် LCD display တို့ကိုအသုံးပြုထားပါတယ်။ on-screen USB keyboard ပါဝင်ပြီး ePub, PDF စတဲ့ e-reader ဖိုင် format များဖြင့်အသုံးပြုနိုင်သလို internal memory 4GB ပါဝင်ကာစာအုပ် ၃,၀၀၀ ခန့်ကိုသိမ်းဆည်းထားနိုင်ပါတယ်။ ဒါ့အပြင် SD card slot နဲ့ USB port နှစ်ခုပါဝင်တာကြောင့်လည်း memory ကိုတိုးမြှင့်ကာအသုံးပြုနိုင်ပါတယ်။ 802.11 b/g Wi-Fi နဲ့ Bluetooth တို့ကိုအသုံးပြုနိုင်ပြီး အနာဂတ်တွင် modem မှတဆင့် 3G ကြိုးမဲ့အင်တာနက်ဖြစ်တဲ့ EVDO/HSDPA တို့ကိုအသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ LCD ဘက်ခြမ်းတွင် Android ဆော့ဖ်ဝဲကိုအသုံးပြုထားပြီး e-book ဖတ်နေစဉ်အတွင်း ပုံရိပ်များကို ကာလာ display မှကြည့်ရှုနိုင်ပါတယ်။ Screen နှစ်ခုစလုံးကို touchscreen ဖြင့်အသုံးပြုနိုင်ပြီး screen ကို ၉၀ ဒီဂရီနဲ့ ၁၈၀ ဒီဂရီလှည့်ကာအသုံးပြုနိုင်ပါတယ်။ ကေဘက်ထရီကတော့ lithium ion ဘက်ထရီဖြစ်ပြီး e-reader screen ဖြင့်အသုံးပြုတဲ့အခါ ၁၆ နာရီအကြာအသုံးပြုနိုင်ကာ LCD screen ဖြင့်အသုံးပြုတဲ့အခါမှာတော့ ၆ နာရီအကြာ အသုံးပြုနိုင်ပါတယ်။ Entourage eDGe ရဲ့တန်ဖိုးကို အမေရိကန်ဒေါ်လာ ၄၉၀ သတ်မှတ်ထားပြီး ဖေဖော်ဝါရီလတွင် တင်ပို့ရောင်းချမှာဖြစ်ကြောင်းသိရပါတယ်။
|