|
Monday, 28 September 2009 |
ကွန်ပျူတာပစ္စည်းဈေးကွက်အတွင်းမှာ ပါးလွှာပြီးသယ်ဆောင်ရလွယ်ကူတဲ့ပစ္စည်းတွေ အပြိုင်အဆိုင်ထွက်လာနေကြပါတယ်။
Desktop တွေခေတ်မှာ Laptop, Notebook နဲ့ Netbook တွေအထိ သေးငယ်ပြီးစွမ်းဆောင်ရည်မြင့်တဲ့ ပစ္စည်းတွေ ထွက်လာနေကြတာအဆက်မပြတ်ပါ။ ယနေ့ခေတ်မှာတော့ ကွန်ပျူတာပစ္စည်းတိုင်းလိုလိုဟာ ကြိုးမဲ့စနစ်နဲ့ ၀က်ဘ်ဘက်ကို ပိုမိုပြီးဝင်ရောက်နိုင်သမျှဝင်ရောက်ကာ ထုတ်လုပ်လာကြပါတယ်။ ကီးဘုတ်တွေ မောက်စ်တွေထည့်မည့်အစား ဒီဂျစ်တယ်ဘောပင်တွေကိုသုံးပြီးလုပ်ဆောင်တဲ့ tablet PC တွေကလည်း တစ်မျိုးထူးခြားပါတယ်။ Toshiba နဲ့ Apple တို့အပြင် အခြားသောအီလက်ထရောနစ်ကုမ္ပဏီတွေနဲ့ ကွန်ပျူတာလောကမှာရှိတဲ့ကုမ္ပဏီတွေက tablet PC တွေမျိုးစုံကို အပြိုင်ထုတ်လာကြပါတယ်။ မိုက္ကရိုဆော့ဖ်ကလည်း ယခုအခါမှာ tablet တစ်မျိုးကိုထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ ဒီ tablet ရဲ့အရွယ်က အရွယ်အစား ၇လက်မအထိရှိပါတယ်။ Apple ကထုတ်လုပ်မည့် itablet ရဲ့အရွယ်ကတော့ ပိုပြီးတော့ကြီးမားပါတယ်။ ၉.၆ လက်မအရွယ် display ရှိပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာနဲ့ ၉၉၉ ဒေါ်လာကြားရှိမှာဖြစ်ပြီး နောက်နှစ်ဖေဖော်ဝါရီလောက်မှာထွက်လာမှာပါ။ မိုက္ကရိုဆော့ဖ်ရဲ့ tablet က dual-screen ဖြစ်ပြီး စာအုပ်တစ်အုပ်လိုမျိုး ခေါက်သိမ်းနိုင်စွမ်းရှိပါတယ်။ multitouch စွမ်းဆောင်ရည်ရှိပြီး နှစ်ဘက်စလုံးကစကရင်ကိုဒီဂျစ်တယ်ဘောပင်ဖြင့်ထောက်ပြီး သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Tablet ဈေးကွက်မှာ Apple နဲ့ Microsoft တို့ရဲ့ပြိုင်ပွဲက နောက်ပိုင်းတွေ့မြင်ရမည့်ဖြစ်ရပ်ပါ။ တူညီတဲ့ထုတ်ကုန်တူညီတဲ့အချိန်တို့မှာ ထွက်ပေါ်လာမှာဖြစ်ပြီး နည်းပညာအားသာမှုက ဘယ်သူနိုင်မယ်ဆိုတာကိုပြောပါလိမ့်မယ်။ မိုက္ကရိုဆော့ဖ်ကတော့ ဒီလိုမျိုး tablet ထွက်ပေါ်လာမယ်ဆိုတဲ့အပေါ်မှာ ဘာမှမှတ်ချက်မပြုထားပါဘူး။
|