2010 Mercedes-Benz E550 Coupe Print E-mail
Tuesday, 29 September 2009
2010 Mercedes-Benz E550 Coupe ဟာအဆင့်မြင့်နည်း ပညာသုံးကားတစ်မျိုးဖြစ်ပြီးစွမ်း ဆောင်ရည်ကတော့အတော်လေး ကောင်းမွန်တာကိုတွေ့ရပါတယ်။ အော်တိုမက်တစ်ဂီယာခုနှစ်ချက်အ ထိအသုံးပြုနိုင်ပြီးထိန်းချုပ်မှုကတော့ အံ့အားသင့်ဖွယ်ကောင်းလောက် အောင်ကိုတည်ငြိမ်ကောင်းမွန်ပါ တယ်။ ကားအတွင်း Bluetooth  ဖုန်းအသုံးပြုနိုင်သလိုအသံဖြင့်အ မိန့်ပေးကာဖုန်းခေါ်ဆိုမှုများကိုပြု လုပ်နိုင်ပါတယ်။ ကားအတွင်းအလို အလျှောက်လမ်းညွှန်စနစ်ပါဝင်ကာ မီးပွိုင့်များရှုပ်ထွေးမှုကိုရှောင်ကျဉ် နိုင်ပါတယ်။ ကားအတွင်းထည့်သွင်း ပေးထားသောအသံစနစ်ကတော့ Harmon Kardon  အသံစနစ်ပဲ ဖြစ်ပြီး အလွန်သာယာငြိမ့်ညောင်း တာကိုတွေ့ရပါတယ်။
ဒါပေမယ့် 2010 Mercedes-Bens E550 Coupe  တွင် iPod  ဆက်သွယ်မှုတော့မပါဝင်ပါဘူး။ ထို့အတွက် USB port  ကိုပဲအဓိ ကထားအသုံးပြုရမှာဖြစ်ပါတယ်။ ဓါတ်ဆီချွေတာနိုင်သောစနစ်ဟာ လည်းအသင့်အတင့်ပဲဖြစ်ပါတယ်။ 2010 Mercedes  ဟာဇိမ်ခံကား အမျိုးအစားဖြစ်ပေမယ့်မြန်နှုန်းမြင့် ကားအမျိုးအစားလဲဖြစ်ပါတယ်။ အသွင်အပြင်ကတော့အတော်လေး နှစ်သက်ဖွယ်ကောင်းသလိုကားအ တွင်းပိုင်းနည်းပညာများဟာလည်း အီလက်ထရောနစ်နည်းပညာကို ပါအသုံးပြုထားပါတယ်။ ထို့ပြင် 2010 Mercedes-Benz E550 Coupe  ဟာ CLS-class, S-class  နှင့် C-class design  များကိုပြန် လည်မွမ်းမံပေးထားပါတယ်။
2010 Mercedes-Benz E550 တွင် 5.5 liter V-8  အင် ဂျင်ကိုအသုံးပြုထားပြီးကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့အမျိုးအ စားပဲဖြစ်ပါတယ်။ ထို့ကြောင့် 2010 Mercedes  ဟာမြင်းကောင် ရေ ၃၈၂ကိုရရှိစေပြီး 6,000 rpm  အမြန်နှုန်းရှိပါတယ်။ ထို့ပြင်အချိန် ငါးစက္ကန့်အတွင်း 60 mph  အရှိန် အဟုန်ကိုရရှိစေနိုင်ပါတယ်။ ဆီ ချွေတာပေးနိုင်ခြင်းဟာလည်း ကောင်းမွန်ထိရောက်ပြီး EPA  ၏ သတ်မှတ်နှုန်းအရမြို့တွင်း 15 mpg  ဖြစ်ပြီးဟိုင်းဝေးမောင်းနှင်ရာ မှာတော့ 28 mpg  ပဲဖြစ်ပါတယ်။ ကုမ္ပဏီ၏ပျှမ်းမျှသတ်မှတ်နှုန်းက တော့ 18.6mpg  ဖြစ်ကြောင်းသိရှိ ရပြီး E350  တွင်တပ်ဆင်ထားသော 3.5 liter V-6  အင်ဂျင်ကိုလည်းအ သုံးပြုနိုင်ကြောင်းသိရှိရပါတယ်။
2010 Mercedes-Benz E550 Coupe ဟာမောင်းနှင်ရာမှာ လွယ်ကူပြီးသက်သောင့်သက်သာ ဖြစ်စေဖို့အတွက်စီမံပြုလုပ်ထားပါ တယ်။ ထို့ပြင် Premium Package  အားအဆင့်မြှင့်တင်အသုံးပြု နိုင်ပြီး hard-drive  ကိုအခြေခံထား တဲ့လမ်းညွှန်စနစ်ဟာမြေပုံများ၊ စားသောက်ဆိုင်များ၊ ဟော်တယ် များနှင့်ကား၏တည်နေရာကိုပါဖော် ပြပေးတာကြောင့်မောင်းနှင်သူများ နှစ်သက်သဘောကျစေမှာပဲဖြစ်ပါ တယ်။ ထို့အပြင်မြို့အမည်နှင့်လမ်း အမည်များကိုပါဖော်ပြပေးတာ ကြောင့်မိမိသွားလိုရာသို့အလွယ်တကူ သွားလာနိုင်ပါတယ်။ ထို့ပြင်အရေး ကြီးသတင်းအချက်အလက်နှင့်မီးပွိုင့် ပိတ်နေခြင်းများကိုဖော်ပြနိုင်သော feature  များပါဝင်ပြီးရာသီဥတုအ ခြေအနေနှင့်ဓါတ်ဆီဈေးနှုန်းများကို ပါဖော်ပြပေးထားပါတယ်။
2010 Mercedes တွင် Bluetooth  ဖုန်းအသုံးပြုနိုင်သည့် စနစ်ကတော့အတော်လေးကောင်း မွန်ပြီးအခြား Mercedes model  များစနစ်သို့လည်းပြောင်းလဲအသုံး ပြုနိုင်ပါတယ်။ iPhone  အသုံးပြု နိုင်သောစနစ်ထည့်သွင်းထားပြီးကား အတွင်း LCD  မှတဆင့်လိပ်စာ နှင့်ဖုန်းနံပါတ်များကိုဖော်ပြပေးထား ပါတယ်။
2010 Merceder ရဲ့နောက် ထပ်ကောင်းမွန်တဲ့အချက်ကတော့ Harmon Kardon  အသံစနစ်ပဲ ဖြစ်ပါတယ်။ ကားအတွင်းစပီကာ ၁၄လုံးတပ်ဆင်အသုံးပြုထားပြီးဝပ် ၆၁၀ ကိုထုတ်လုပ်နိုင်သည့် Amplifier  ပါဝင်ပါတယ်။ စပီကာများ ထားရှိပုံမှာအစီအစဉ်ကျပြီးကားတံ ခါးများတွင် tweeter  များ၊ woofer  များနှင့် subwoofer  များတပ်ဆင် ထားကာအသံပတ်လည်ကြားရနိုင် သော surround speaker  စနစ် ပဲဖြစ်ပါတယ်။ ထို့ပြင် Hard drive  အတွင်းသီချင်းများထည့်သွင်းနား ထောင်နိုင်သလို Satellite  ရေဒီယို ကိုလည်းဖမ်းယူနားဆင်နိုင်ပါတယ်။
ယခုလိုအစစအရာရာကောင်း မွန်ပြီးဆွဲဆောင်မှုရှိသော 2010 Mercedes-Benz E550 Coupe  ရဲ့အခြေခံဈေးနှုန်းကတော့အမေရိ ကန်ဒေါ်လာ 54,650  ဖြစ်ပြီးကား အတွင်းအဆင့်မြှင့်တင်အသုံးပြုနိုင် သော cabin tech, performance tech  နှင့်အခြားအဆင့်မြှင့် တင်အသုံးပြုမှုများကိုပါထပ်မံထည့် သွင်းအသုံးပြုပါက 60,125  ဒေါ်လာခန့်ကျသင့်မှာပဲဖြစ်ပါတယ်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software