March 24, 2017

Samsung Galaxy C9 Pro

Price : 714,000

အားသာချက်

မှတ်ဉာဏ်ပိုင်း ကောင်းမွန်တဲ့အတွက် အချက်အလက်တွေ သိမ်းဆည်းရာမှာ အဆင်ပြေစေနိုင်ပါတယ်။ Screen ပိုင်းကောင်းမွန်တဲ့အပြင် ကင်မရာပိုင်းမှာဆိုရင်လည်း ရှေ့ကင်မရာဟာ Megapixels မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတဲ့အတွက် Selfie သမားတွေအတွက် စိတ်ကျေနပ်စရာပါပဲ။ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီကလည်း ပါဝါသိုလှောင်နိုင်မှုပမာဏ မြင့်မားတဲ့အတွက် ဖုန်းကိုအချိန်ကြာကြာ အသုံးပြု နိုင်ပါတယ်။ Dual Sim ဖုန်းအမျိုးအစား ဖြစ်ပေမယ့်လည်း Sim Card နှစ်ကတ်အပြင် SD Card ကိုပါတစ်ပြိုင်တည်း အသုံးပြုနိုင်ပါတယ်။

အားနည်းချက်

ဖုန်းကပါးလွှာပေမယ့် အလေးချိန်က အနည်းငယ် များတယ်လို ခံစားရစေပါတယ်။ OS Version မှာဆိုရင်လည်း 7.0 တွေ ထွက်လာနေတဲ့ အချိန်မှာ သူက 6.0 ပဲ ရှိသေးတဲ့အတွက် OS ပိုင်းကလည်း အသစ်မဖြစ် သေးပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်း လှပတဲ့အပြင် ပါးလွှာတဲ့ ဖုန်းအမျိုးအစား တစ်ခုလည်းဖြစ် ပါတယ်။ အရွယ်အစား ကြီးမားတဲ့ Phablet ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ကိုင်တွယ်အသုံးပြုရတာ သိပ်အခက်အခဲ မရှိစေပါဘူး။ ဖုန်း ကိုယ်တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက် ပေးထားတာဖြစ်ပြီး ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၆.၂၉ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၈.၀၇ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၆၉ စင်တီမီတာရှိပါတယ်။ အလေးချိန်ကတော့ ၁၈၉ ဂရမ်ရှိပြီး ကိုင်တွယ်အသုံးပြုချိန်မှာ အလေးချိန်တော့ အနည်းငယ်ရှိပါတယ်။ Fingerprint Sensor ကတော့ Home button နဲ့အတူတွဲပြီးတပ် ဆင်ထားတာပါ။

မြင်ကွင်း

၆.၀ လက်မရှိတဲ့ Super AMOLED Screen ဖြစ်ပြီး 1080 x 1920 Pixels  (~367 ppi pixel density) ရှိပါတယ်။

နည်းပညာ

ကင်မရာ စနစ်ပိုင်းမှာလည်း ကောင်းမွန် တဲ့ ကင်မရာ စနစ်တွေအပြင် ဓာတ်ပုံရိုက်ချိန်မှာ လက်နဲ့သင့်လျော်တဲ့ နေရာကနေ ခလုတ်ကိုနှိပ်ပြီး ရိုက်နိုင်မယ့် Floating Camera Button ဆိုတဲ့စနစ်လည်း ပါဝင်ပါတယ်။

Microsoft Word, Excel, Powerpoint အစရှိတဲ့ Office App တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ Samsung ရဲ့ ဝန်ဆောင်မှု App တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီး ဝန်ဆောင်မှု App တွေထဲမှာမှ Secure Folder ဆိုတဲ့ စနစ်ကလည်း ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ အချက်အလက်တွေရဲ့ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Settings ထဲမှာပါတဲ့ Device Maintenance ဆိုတဲ့စနစ်၊ Samsung Cloud စနစ်၊ Gesture အသုံးပြုစနစ် တွေကိုလည်း ထိတွေ့နိုင်မှာပါ။ Always Screen On နည်းပညာ ပါဝင်လာတဲ့အတွက် ဖုန်းကို Screen ပိတ်ထားချိန်မှာတောင် Screen ပေါ်မှာ နေ့စွဲနဲ့ နာရီတွေကို အလွယ်တကူ အချိန်မရွေး ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ် ဆိုရင်တော့ C9 Pro ဟာ ဖုန်းရဲ့ ပုံစံဒီဇိုင်းလှပပြီး အရွယ်အစား ကြီးမားပေမယ့် ပါးလွှာတဲ့အပြင် လက်ထဲမှာလည်း ကိုင်ရတာ အဆင်ပြေပါတယ်။ မှတ်ဉာဏ်ပိုင်း မြင့်မားတဲ့အပြင် RAM ကလည်း တော်တော်လေးများတာ တွေ့ရပါတယ်။ ကင်မရာ ပိုင်းမှာဆိုရင်လည်း ရှေ့ကင်မရာရော နောက်ဘက် ကင်မရာ နှစ်ခုစလုံးဟာ Megapixels မြင့်မားပြီး အရည်အသွေး ကောင်းမွန်တာ တွေ့ရမှာပါ။ ဘက်ထရီ ပိုင်းမှာဆိုရင်လည်း ပါဝင်တဲ့ ဘက်ထရီဟာ ပါဝါသိုလှောင် နိုင်မှုပမာဏ မြင့်မားပါတယ်။ ဖုန်းရဲ့ အလေးချိန်နဲ့ ဈေးနှုန်းဟာ အနည်းငယ် များတယ်လို့တော့ ခံစားရစေပါတယ်။

Network   GSM – 2G/ 3G/ 4G
SIM          Dual SIM (Nano & Micro SIM Dual Standby)
OS           Android OS, v6.0.1
CPU         Octa-core (4×1.95 GHz Cortex-A72 & 4×1.4GHz Cortex-A53)
GPU         Adreno 510
Memory    Internal 64GB, 6GB RAM, Micro SD 256GB
Camera   16 MP, f/1.9, phase detection autofocus, dual-LED (dual tone) flash, Geo-tagging, touch focus, face detection, panorama, HDR
Video, Front 16 MP, f/1.9
Wi-Fi        802.11 a/b/g/n/ac, dual-band, WiFi Direct, hotspot
Bluetooth  v4.2, A2DP, LE
Battery      4000 mAh Battery

သူတို့အမြင်

ကိုထွန်းထွန်းဇော် (အသုံးပြုသူ)

ဒီဇိုင်းကိုတော့ တော်တော်လေး သဘောကျတယ်။ ပုံစံလှတဲ့အပြင် တော်တော်လေး ပါးတဲ့အတွက် ကိုင်ရတာကောင်းတယ်။ အရွယ်အစားက ကြီးနေပေမယ့်လည်း လက်ထဲမှာ သိပ်ပြီးအခက်အခဲ မရှိသလိုပဲ သုံးရတာ။ နောက်တစ်ချက်ကတော့ မှတ်ဉာဏ်ပိုင်းပဲ။ Internal Memory 64GB ပါတဲ့အပြင်ကိုမှ သူ့ရဲ့ RAM က တော်တော်လေး မြင့်နေတာတွေ့ရတယ်။ သူ့ရဲ့ RAM မြင့်တဲ့အချက်နဲ့ CPU ကောင်းတာနဲ့ ပေါင်းလိုက်တော့ ဖုန်းကသုံးရတာလည်း ချောချောမွေ့မွေ့ ဖြစ်တယ်။ ကင်မရာပိုင်းမှာလည်း ကောင်းပါတယ်။ ရှေ့ကင်မရာက 16 Megapixels ဆိုတော့ Selfie အမြဲရိုက်တဲ့သူ တွေအတွက်တော့ ကောင်းတာပေါ့။ ဘက်ထရီကလည်း တော်တော်လေး အသုံးခံတယ်။

ကိုထက်အာကာ (စမ်းသပ်အသုံးပြုသူ)

RAM ကတော့ တော်တော်လေး မြင့်တာတွေ့ရတယ်။ Memory ကလည်းကောင်းပါတယ်။ CPU ပိုင်းနဲ့ ဂရပ်ဖစ်ပိုင်းတွေမှာလည်း ကောင်းတာတွေ့ရတယ်။ ကင်မရာကလည်း ကောင်းပါတယ်။ ရှေ့ကင်မရာနဲ့ နောက်ကင်မရာ နှစ်ခုစလုံးက Megapixels တူနေတဲ့အပြင် ကင်မရာတွေရဲ့ Aperture တွေကလည်း တူတူပဲဖြစ်နေတာ တွေ့ရတယ်။ ကင်မရာရဲ့ အလင်းသိရှိမှု နှုန်းကလည်း ကောင်းတဲ့အတွက် ပုံကောင်းလေးတွေလည်း ရပါတယ်။ ဒီဇိုင်းလည်းမဆိုးဘူး တော်တော်လေး ကောင်းတယ်။ ဒီဇိုင်းလှတဲ့အပြင် ပါးတာကလည်း တော်တော်လေး ပါးတယ်။ ကိုင်ရတာလည်း ကောင်းပါတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း သုံးနိုင်တာကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ။

မစန္ဒာလင်း (စမ်းသပ်အသုံးပြုသူ)

ဒီဇိုင်းလေးလှတယ်။ ကိုင်လို့လည်းကောင်းတယ်။ ဒါပေမယ့် ဆိုက်နည်းနည်း ကြီးတယ်လို့တော့ ခံစားရတယ်။ ကျွန်မအနေနဲ့ဆိုရင် တော့ အရွယ်နည်းနည်းကြီးပြီး အလေးချိန်လည်း နည်းနည်းများတယ်လို့ ခံစားရတယ်။ ကင်မရာကတော့ တော်တော်ကြိုက်တယ်။ Screen ကလည်းကောင်းပြီး ကင်မရာကလည်း Megapixels မြင့် တဲ့အတွက် ပုံတွေကတော့ တော်တော်လေးကောင်းတယ်။ သဘော ကျတယ်။ RAM နဲ့ Memory ကလည်းမြင့်တယ်။ အဲဒါကလည်း ကောင်းပါတယ်။ ဘက်ထရီကလည်း သူ့ရဲ့ ပါဝင်တဲ့ ပမာဏနဲ့ဆိုရင် တော်တော်လေး အသုံးခံမယ်လို့ ထင်တယ်။ Sim Card နှစ်ကတ် သပ်သပ်နဲ့ SD Card သပ်သပ်သုံးနိုင်တာကလည်း ကောင်းပါတယ်။

ဖုန်းရဲ့ Settings ထဲမှာပါဝင်တဲ့ Device Maintenance ဆိုတဲ့ စနစ်ကလည်း ဖုန်းမှာရှိတဲ့ Battery, Storage, RAM, Device Security,  Ultra data saving mode အစရှိတဲ့ စနစ်တွေအတွက် Maintenance ပြုလုပ်နိုင်ပါတယ်။

Samsung ရဲ့ ဝန်ဆောင်မှု App တွေထဲက Secure Folder ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာ ရှိနေတဲ့ မိမိရဲ့ အချက်အလက်နဲ့ App တွေရဲ့ လုံခြုံရေးအတွက် အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုဖို့ အကောင့်လိုအပ် ပါလိမ့်မယ်။

ကင်မရာပိုင်းမှာတော့ အသုံးပြုနိုင်မယ့် ကင်မရာစနစ် ၇ မျိုးပဲပါဝင်တာ တွေ့ရပေမယ့် ကိုယ်အသုံးပြုချင်တဲ့ အချို့ စနစ်တွေကို Download ပြုလုပ်ပြီး ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ရှေ့ကင်မရာရော နောက်ကင်မရာ နှစ်ခုစလုံးမှာ အသုံးပြုချင်တဲ့ စနစ်အချို့ကို Download ပြုလုပ်ထည့်သွင်းနိုင်ပါတယ်။

Floating Camera Button ဆိုတဲ့ စနစ်ကတော့ ဓာတ်ပုံရိုက်တဲ့ ကင်မရာ Button ကို Screen ပေါ်မှာကိုယ့်စိတ်ကြိုက် လက်နဲ့သင့်တဲ့နေရာကို ရွှေ့ပြောင်းထားပြီး ဓာတ်ပုံရိုက်ချိန်မှာ အလွယ်တကူ ရိုက်နိုင်တဲ့စနစ်ပါ။ ဒီစနစ်ကိုတော့ Camera Settings ထဲမှာ တွေ့နိုင်ပါတယ်။

Advance Feature ဆိုတဲ့ စနစ်ထဲမှာတော့ Gesture အသုံးပြု စနစ်တွေကို မြင်တွေ့နိုင်ပါတယ်။

ဖုန်းအသုံးပြုသူရဲ့ အချက်အလက်တွေကို သိမ်းဆည်းနိုင်မယ့် Samsung Cloud ဆိုတဲ့ စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။

Sim Slot