August 20, 2017

၁၂ နှစ်အတွင်း ကွန်ပျူတာတွေက လူသားတွေလို တွေးခေါ်လာနိုင်မယ်လို့ Ray Kurzweil ခန့်မှန်း

Google ရဲ့အင်ဂျင်နီယာဆိုင်ရာ ဒါရိုက်တာ Ray Kurzweil က ၂၀၂၉ ခုနှစ်မှာ ကွန်ပျူတာတွေအနေနဲ့ လူသားဉာဏ်ရည် အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ SXSW ကွန်ဖရင့်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ ပါတယ်။

Artificial intelligence ကြောင့် စက်တွေဟာ လူသားတွေထက် အသိဉာဏ်တိုးတက်လာမယ့်အချိန်နဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ၊ အနာဂတ်ဆိုင်ရာ ပညာရှင်၊ နည်းပညျွာမ်းကျင်သူတွေနဲ့ အခြားသူတွေက မကြာခဏဆိုသလို ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်ကို Singularity လို့ခေါ်ပါတယ်။ နည်းပညာ Singularity ဆိုတာ artificial superintelligence ကြောင့် နည်းပညာ တိုးတက်မှုတွေ တစ်ဟုန်ထိုး ဖြစ်ပေါ်လာတဲ့အခါ လူသားတွေရဲ့ကမ္ဘာဟာ မမျှော်လင့်နိုင်အောင် ပြောင်းလဲသွားမယ်ဆိုတဲ့ အဆိုကြမ်းတစ်ခု ဖြစ်ပါတယ်။

သူကိုယ်တိုင် ခန့်မှန်းခဲ့တဲ့အချိန်က အခြားပညာရှင်ရဲ့အဆိုထက် အနည်းငယ်စောနေပါတယ်။ ဗြိတိန်က ရူပဗေဒပညာရှင် Stephen Hawking က Singularity ဖြစ်စဉ်ဟာ ၂၀၄၅ ခုနှစ်မှသာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေပါပြီလို့ Softbank အမှုဆောင်အရာရှိချုပ် Masayoshi Son က ဒေါ်လာ ၁၀၀ ဘီလျံ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေနဲ့ ပတ်သက်ပြီး အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ “Singularity ဟာ လာမယ့် အနှစ် ၃၀ အတွင်း ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုစိတ်ကူးအတွက် နည်းဗျူဟာတွေကို ရေးဆွဲနေပါတယ်။ ဒေါ်လာ ဘီလျံ ၁၀၀ ဟာ လက်နက်ခဲယမ်းတွေပါ။ ကျွန်တော်အမြင်ရ အခုဖြစ်စဉ်ဟာ အစပဲ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အခြားလူတွေထက် ကျွန်တော် စိတ်အားထက်သန်နေပါတယ်” လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

Ref: FoxNews