March 24, 2017

Ubuntu OS မှာ FlightGear ကို ထည့်သွင်းခြင်း

FlightGear ဆိုတာကတော့ Ubuntu OS ပေါ်မှာ ထည့်သွင်းကစားနိုင်မယ့် flight simulator ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ Open source အမျိုးအစား flight simulator တစ်ခုဖြစ်ပြီး ထည့်သွင်း အသုံးပြုချင် သူများအနေ နဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

FlightGear ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

FlightGear ကို Ubuntu OS 16.04  မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်း ပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ –

sudo sh -c ‘echo “deb http://archive.getdeb.net/ubuntu xenial-getdeb games” >> /etc/apt/sources.list.d/getdeb.list’

wget -q -O – http://archive.getdeb.net/getdeb-archive.key | sudo apt-key add –

sudo apt-get update

sudo apt-get install flight gear

ဆိုတဲ့ command ကို အသုံးပြုရမှာဖြစ်ပြီး 16.10 မှာဆိုရင် sudo sh -c ‘echo “deb http://archive.getdeb.net/ubuntu yakkety-getdeb games” >> /etc/apt/sources.list.d/getdeb.list’

wget -q -O – http://archive.getdeb.net/getdeb-archive.key | sudo apt-key add –

sudo apt-get update

sudo apt-get install flight gear

ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ အသုံးမပြုချင်တော့လို့ remove ပြုလုပ်မယ် ဆိုရင်

sudo apt-get remove flight gear && sudo apt-get autorem oveus

ဆိုတဲ့ command နဲ့ remove ပြုလုပ်နိုင်ပါတယ်။