March 24, 2017

Windows 10 Start menu က app တွေကို uninstall မလုပ်နိုင်အောင် ဘယ်လိုလုပ်မလဲ

Windows 10 မှာ Start menu ဟာ ပိုမို ကောင်းမွန်အောင် အဆင့်မြင့်တင် ထားပါတယ်။ Windows 7 ရဲ့ class menu နဲ့ Windows 8.1 မှာရှိခဲ့တဲ့ Start menu လိုအပ်ချက်တွေကို ပိုမိုaကာင်းမွန်အောင် အဆင့်မြှင့် တင်ပေးခဲ့ပြီး feature အချို့ကိုလည်း ထပ်မံထည့်သွင်း ပေးခဲ့ပါတယ်။ Windows 10 ရဲ့ Start menu မှာ app တွေကို ထည့်သွင်းသုံးစွဲနိုင်အောင် စီစဉ်ပေးထားပါတယ်။

Windows 10 ရှဲ့Start menu မှာ ထည့်သွင်း အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့ app တွေဟာ right-click နှိပ်ပြီး Uninstall ကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကွန်ပျူတာမှာ Guess account နဲ့ လာရောက် သုံးစွဲနေတဲ့သူတွေ ဟာ Start menu က app တွေကို ဝင်ရောက်ပြီး uninstall မလုပ်နိုင် အောင် Group Policy နဲ့ Registry editor ကနေ တားဆီး ထားနိုင်အောင် ပြုလုပ်နိုင်ပါတယ်။

Start menu က app တွေကို uninstall မလုပ်နိုင်အောင် Group Policy ကနေ တားဆီချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ Win + R key ကို နှိပ်ပြီး run box ကို ခေါ်ပါ။ Run box တက်လာရင် gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။

Group Policy ထဲကို ရောက်ပြီဆိုရင် User Configuration > Administrative Template > Start Menu and Taskbar ဆိုတဲ့လမ်းကြောင်းအတိုင်း သွားရပါမယ်။ Start Menu and Taskbar ကိုရောက်ရင် ညာဘက်အခြမ်းမှာ Prevent users from uninstalling applications from Start ဆိုတာကိုရှာပြီး select လုပ်လိုက်ပါ။

ပြီးရင် အဆိုပါ ဖိုင်ကို double-click နှိပ်ပြီး ဖွင့်လိုက်ပါ။ Default အနေနဲ့ဆိုရင် Not Configured ဆိုတာကို ရွေးထားတာ တွေ့ရပါလိမ့်မယ်။ Enable ကိုရွေးပေးရပါမယ်။

Enable ကိုရွေးပြီးရင် Apply ကို နှိပ်ပြီး OK ကို နှိပ်ကာ Group Policy editor ကနေ ထွက်လိုက်ပါ။ ဒါဆိုရင် Start menu က app တွေဟာ uninstall ပြုလုပ်နိုင်မယ့် ခလုတ်ဟာ disable ဖြစ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒါကတော့ Group Policy ကနေ Start menu app တွေကို uninstall မလုပ်နိုင်အောင် ကာကွယ်တဲ့ နည်းဖြစ်ပါတယ်။

Registry editor ကနေ လုပ်မယ်ဆိုရင် Run box ကို ဖွင့်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။

Registry editor box ကျလာရင် HKEY_CURRENT_USER\Software\Policies\Microsoft\Windows ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားပါ။ Windows ဆိုတဲ့ folder ကို select ပြုလုပ်ပြီး right-click နှိပ်ပါ။ New > Key ဆိုတာကိုရွေးပေးရပါမယ်။ ဖိုင်နာမည်ကို Explorer ဆိုပြီး ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Explorer ဖိုင်ကို select လုပ်ပြီး ညာဘက်အခြမ်းမှာ right-click နှိပ်ပါ။ ပြီးရင် New > DWOD (32-bit) value ဆိုတာကို ရွေးပေးရပါမယ်။

အဆိုပါ ဖိုင်နာမည်ကို NoUninstallFromStart ဆိုတဲ့နာမည် ပေးရပါမယ်။ နာမည်ပေးပြီး ရင်ဖိုင်အလုပ်လုပ်အောင် လုပ်ပေးရပါမယ်။

NoUninstallFromStart ဆိုတဲ့ ဖိုင်ကို double-click နှိပ်ပါ။ အလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးရမှာ ဖြစ်တဲ့အတွက် Value data ဆိုတဲ့နေရာမှာ 1 လို့ ထည့်ပေးရပါမယ်။ 0 အတိုင်းသာ ထားပါက ဖိုင်ဟာ အလုပ်လုပ်ဆောင် နိုင်မှာမဟုတ်ပါဘူး။

အထက်ပါအဆင့်ပြီးရင် registry ကနေ ပြန်ထွက်လိုက်ပါ။ တစ်ကယ်လို့ ဖော်ပြထားတဲ့ လုပ်ငန်းစဉ်ကို မလုပ်စေချင်တော့လို့ ပြန်ဖျက်ချင်တယ်ဆိုရင် NoUnins tallFromStart ကို delete လုပ်နိုင်သလို Value data မှာ 0 လို့သတ်မှတ် ပေးလိုက်ရင်လည်း လုပ်ငန်းလုပ်ဆောင် နိုင်တော့မှာမဟုတ်ပါဘူး ။

Ref: windowscentral