April 28, 2017

ဒေါ်လာ ၅,၀၀၀ တန် Louis Vuitton iPhone 7 case

Apple iPhone 7 နဲ့ 7 Plus အတွက် Eye-Trunk case များကို Louis Vuitton က မိတ်ဆက်ပေးလိုက်ပါတယ်။

ဈေးအသက်သာဆုံး case ရဲ့တန်ဖိုးက ဒေါ်လာ ၁,၁၈၀ ဖြစ်ပြီး ဈေးအကြီးဆုံးက ဒေါ်လာ ၅,၅၀၀ ဖြစ်ပါတယ်။

ဈေးအကြီးဆုံး Eye-Trunk ဗားရှင်းကို တန်ဖိုးကြီးတဲ့ မိကျောင်းသားရေနဲ့ ဖန်တီးထားပြီး iPhone 7 အတွက် ဒေါ်လာ ၅,၀၅၀ ဖြစ်ကာ 7 Plus

အတွက် ဒေါ်လာ ၅,၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

Eye-Trunk Monogram ရဲ့ တန်ဖိုးကတော့ iPhone 7 အတွက် ဒေါ်လာ ၁,၁၈၀ ဖြစ်ပြီး 7 Plus အတွက် ဒေါ်လာ ၁,၂၅၀ ကျသင့်မယ်လို့ သိရပါတယ်။

Ref: GSMArena