October 23, 2017

Samsung Galaxy A7 2017

Price : 625,000

အားသာချက်

၂၀၁၇ အတွက် ဗားရှင်းအသစ်နဲ့ ထွက်လာတဲ့ Galaxy A7 ကတော့ ပုံစံဒီဇိုင်းလှပမှု၊ ရေအောက် ၁.၅ မီတာမှာ မိနစ် ၃၀ နေနိုင်တဲ့ ရေစိုခံဖြစ်ခြင်း၊ ကင်မရာ ကောင်းမွန်ခြင်းတွေက ဒီဖုန်းရဲ့အဓိက အားသာချက်တွေလို့ပဲ ဆိုရမှာပါ။ ရှေ့ကင်မရာနဲ့ နောက်ဘက် ကင်မရာ နှစ်ခုစလုံးဟာ Megapixels မြင့်မားတဲ့ ကင်မရာတွေ ဖြစ်တဲ့အတွက် ဓာတ်ပုံသမားတွေ အတွက်တော့ စိတ်ကျေနပ်စရာပါပဲ။ Screen ပိုင်းနဲ့  ဖုန်းရဲ့ ဘက်ထရီပိုင်း၊ Sensor ပိုင်းတွေမှာလည်း ပြည့်စုံကောင်းမွန်တဲ့ ဖုန်းပါ။ CPU, GPU အစရှိတဲ့ Hardware ပိုင်းတွေမှာလည်း ကောင်းမွန်ပါတယ်။

အားနည်းချက်

Sim Card Adapter ဟာ ပျော့ပျောင်းတဲ့ ပလတ်စတစ်သားနဲ့ ပြု လုပ်ထားတာဖြစ်တဲ့အတွက် ထုတ်၊ သွင်း ပြုလုပ်ချိန်မှာ ကျိုးပဲ့နိုင်ခြင်း ကို ဂရုစိုက်ရပါလိမ့်မယ်။

ဒီဇိုင်း

ဖုန်းရဲ့ကိုယ်ထည် ဒီဇိုင်းဖွဲ့စည်းမှုဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ လှပသေသပ်တဲ့ ဖုန်းပါ။ 2016 တုန်းက ထွက်ခဲ့တဲ့ Galaxy A7 နဲ့ပုံစံဒီ ဇိုင်းချင်း ကွဲပြားပါတယ်။ ဖုန်းရဲ့ထောင့်အနား လေးဖက်ဟာလည်း ဝန်းဝိုင်းတဲ့ပုံစံမျိုး ရှိပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင်တွေဟာ သတ္တုဘေးဘောင်တွေဖြစ်ပြီး နောက်ဘက်ကာဗာနဲ့ ရှေ့မျက်နှာပြင် တွေမှာတော့ Corning Gorilla Glass 4 နဲ့ကာကွယ် ပေးထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၆၈ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၇၆ စင်တီမီတာ၊ ထုထည်ကတော့ ၀.၇၉ စင်တီမီတာရှိပါတယ်။ ကိုင်တွယ်အသုံးပြု ချိန်မှာလည်း လက်ထဲမှာ ထိတွေ့မှု ကောင်းမွန်ပြီး လက်နဲ့ အံဝင်ခွင်ကျရှိတဲ့ ဖုန်းပါ။ စပီကာတွေကို ဖုန်းရဲ့ညာဖက် ဘေးဘောင်အပေါ်နားမှာ တပ်ဆင်ထားပြီး Fingerprint ကိုတော့ Home Button နဲ့ အတူတူ တွဲထားပါတယ်။

မြင်ကွင်း

၅.၇  လက်မရှိတဲ့ Super AMOLED Screen ဖြစ်ပြီး 1080 x 1920 Pixels  (~386 ppi pixel density) ရှိပါတယ်။

နည်းပညာ

Always Screen On နည်းပညာ ပါဝင်လာတဲ့အတွက် ဖုန်းကို Screen ပိတ်ထား ချိန်မှာတောင် Screen ပေါ်မှာ နေ့စွဲနဲ့ နာရီတွေကို အလွယ်တကူ အချိန်မရွေး ကြည့်နိုင်ပါတယ်။ Microsoft Word, Excel, Powerpoint အစရှိတဲ့ Office App တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ Samsung ရဲ့ ဝန်ဆောင်မှု App တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီး ဝန်ဆောင်မှု App တွေထဲမှာမှ Secure Folder ဆိုတဲ့စနစ်ကလည်း ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ အချက်အလက်တွေရဲ့ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Settings ထဲမှာပါတဲ့ Device Maintenance ဆိုတဲ့စနစ်၊ Samsung Cloud စနစ်၊ Gesture အသုံးပြုစနစ် တွေကိုလည်း ထိတွေ့နိုင်မှာပါ။ ကင်မရာ စနစ်ပိုင်းမှာလည်း ကောင်းမွန်တဲ့ ကင်မရာစနစ်တွေအပြင် ဓာတ်ပုံရိုက်ချိန်မှာ လက်နဲ့ သင့်လျော်တဲ့ နေရာကနေ ခလုတ်ကိုနှိပ်ပြီး ရိုက်နိုင်မယ့် Floating Camera Button ဆိုတဲ့ စနစ်လည်း ပါဝင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ် ဆိုရင်တော့ A7 2017 ဟာ ဖုန်းမှာပါဝင်တဲ့ အသုံးပြု စနစ်ပိုင်းတွေနဲ့ Samsung ရဲ့ဝန်ဆောင်မှု  App စနစ်ပိုင်းတွေ၊ CPU, GPU ပိုင်းတွေမှာ ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။

ကင်မရာ ပိုင်းမှာလည်း Megapixels မြင့်မားတဲ့ ကင်မရာတွေရဲ့ စွမ်းဆောင်ရည်က ဓာတ်ပုံဝါသနာရှင်တွေအတွက် စိတ်ကျေနပ်စေမှာပါ။ ရေစိုခံ ဖုန်းအမျိုးအစားဖြစ်ပြီး Corning Gorilla Glass4 ရဲ့ ကာကွယ်နိုင်မှုကလည်း ဖုန်းကို ပွန်းရှခြင်းတွေကနေ သက်သာစေမှာ ဖြစ်ပါတယ်။ ပုံစံဒီဇိုင်း လှပသေသပ်ပြီး ကိုင်တွယ်ရတာလည်း အဆင်ပြေပေမယ့် ဖုန်းရဲ့ Sim Card Adapter ကတော့ ပလတ်စတစ် ဖြစ်တဲ့အတွက် ဒါကိုတော့ ဂရုစိုက်ရ ပါလိမ့်မယ်။ ဈေးနှုန်း အလယ်အလတ်ဖုန်း မဟုတ်ပဲ တန်ဖိုးမြင့် ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

Network     GSM – 2G/ 3G/ 4G
SIM           Dual SIM (Nano SIM Dual Standby)
OS            Android OS, v6.0.1
CPU          Octa-core 1.9 GHz Cortex-A53
GPU          Mali-T830MP3
Memory     Internal 32GB, 3GB RAM, Micro SD 256GB
Camera     16 MP, f/1.9, 27mm, autofocus, LED flash, Geo-tagging, touch focus, face detection, panorama, HDR Video, Front 16 MP, f/1.9
Wi-Fi         802.11 a/b/g/n/ac, dual-band, WiFi Direct, hotspot
Bluetooth  v4.2, A2DP, EDR, LE
Battery      Li-Ion 3600 mAh Battery

သူတို့အမြင်

မစုစန္ဒီ (စမ်းသပ်အသုံးပြုသူ)

Galaxy A7 2017 ကိုတော့ ဒီဇိုင်းအရမ်းကြိုက်တယ်။ ခုလက်ရှိလည်း အဲဒီဖုန်းကို သုံးနေပါတယ်။ ကိုင်ရတာ လက်ထဲမှာ အရသာ ရှိတယ်လို့ ခံစားမိတယ်။ အရင်ထွက်ခဲ့တဲ့ A7 နဲ့ ဒီဇိုင်းက ကွာပါတယ်။ ပြီးတော့ ကင်မရာကိုလည်း သဘောကျပါတယ်။ ကျွန်မက မိန်းကလေးဆိုတော့ Selfie သဘောကျတယ်လေ။ ရှေ့ကင်မရာက 16 Megapixels ဆိုတော့ ကောင်းပါတယ်။ ရေစိုခံဖုန်း ဖြစ်တဲ့အတွက် အဲဒီအချက်ကိုလည်း သဘောကျတယ်။ ဖုန်းအတွက် သိပ်ပြီးစိတ်ပူစရာ မလိုတော့ဘူးပေါ့။ ဖုန်းထဲမှာ အသုံးပြုရတဲ့ အခြားစနစ်တွေကလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဈေးနှုန်းနည်းနည်းများ ပြီး Memory က နည်းနည်း နည်းတယ်လို့တော့ ခံစားရတယ်။ ဒီထပ် Memory ပိုများရင် ပိုပြီး ရွေးချယ်ချင်စရာ ဖြစ်မယ်လို့တော့ ထင်မိတယ်။

D Mobile (YGN)

ဖုန်းမှာသုံးနိုင်တဲ့ စနစ်တွေနဲ့ ဒီဇိုင်းပိုင်းတွေ၊ ကင်မရာပိုင်း တွေကတော့ပြောစရာ သိပ်မရှိလှဘူး။ ကောင်းပါတယ်။ ရေစိုခံ၊ အကြမ်းခံ ဖုန်းဖြစ်တဲ့အချက်လည်း အားသာချက် တစ်ခုလိုပါပဲ။ ဒီဇိုင်းက လှတဲ့အပြင် ရှေ့ရော နောက်ရော Gorilla Glass 4 နဲ့ ကာကွယ်ထားတဲ့အတွက် ဖုန်းရဲ့ အကြမ်းခံနိုင်ခြင်းကလည်း ကောင်းတယ်လို့ ပြောလို့ရတယ်။ ဈေးနှုန်းနဲ့ ဖုန်းရဲ့ Memory ပိုင်း၊ CPU, GPU ပိုင်းတွေကို ချိန်ကြည့်မယ် ဆိုရင်တော့ ဈေးကနည်းနည်းလေး မြင့်နေတယ်လို့ ခံစားရတယ်။ ဖုန်းရဲ့အသုံးပြု စနစ်ပိုင်းတွေမှာတော့ သိပ်ပြီးပြောစရာ မရှိပါဘူး။ ကောင်းပါတယ်။

ကိုဇာနည်စိုး (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ ဒီဇိုင်းကို ကြိုက်တယ်။ ဒီဇိုင်းက လှလာတယ်။ အရင်ထွက်ခဲ့တဲ့ ဟာတွေနဲ့ သိပ်မတူတော့ဘူး။ ကင်မရာပိုင်းကိုလည်း သဘောကျတယ်။ ရှေ့ကင်မရာနဲ့ နောက်ဘက်ကင်မရာ နှစ်ခုစလုံးက 16 Megapixels ကင်မရာတွေဆိုတော့ ဓာတ်ပုံသမားတွေအတွက်တော့ စိတ်ဝင်စားစရာပဲလေ။ ဒါပေမယ့် ကင်မရာမှာပါတဲ့ ဓာတ်ပုံအသုံးပြု စနစ်တွေကတော့ နည်းတယ်လို့ ခံစားရတယ်။ အချို့ ဖုန်းတွေမှာ ဒီထပ်စုံတဲ့ Camera Feature တွေ ပါနေတာမျိုးတော့ တွေ့ရတယ်။ ဒီဖုန်းမှာပါတဲ့ Camera Feature တွေကလည်း ကောင်းပါတယ်။ ဖုန်းထဲမှာသုံးတဲ့ စနစ်တွေကလည်း သုံးရတာ အဆင်ပြေပြီး ကောင်းပါတယ်။ Memory ပိုင်းမှာတော့ သူ့ရဲ့ ဈေးနဲ့ဆို ဒီထပ်မှတ်ဉာဏ် များများလေး ပါမယ်ဆိုရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမယ်လို့ ခံစားရတယ်။

ကင်မရာ ပိုင်းမှာတော့ အသုံးပြုနိုင်မယ့် ကင်မရာစနစ် ၇ မျိုးပဲပါဝင်တာ တွေ့ရပေမယ့် ကိုယ်အသုံးပြုချင်တဲ့ အချို့စနစ်တွေကို Download ပြုလုပ်ပြီး ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ ရှေ့ ကင်မရာရော နောက်ကင်မရာ နှစ်ခုစလုံးမှာ အသုံးပြုချင်တဲ့ စနစ်အချို့ကို Download ပြုလုပ်ထည့်သွင်း နိုင်ပါတယ်။

Floating Camera Button ဆိုတဲ့ စနစ်ကတော့ ဓာတ်ပုံရိုက်တဲ့ ကင်မရာ Button ကို Screen ပေါ်မှာ ကိုယ့်စိတ်ကြိုက် လက်နဲ့ သင့်တဲ့နေရာကို ရွှေ့ပြောင်းထားပြီး ဓာတ်ပုံရိုက်ချိန်မှာ အလွယ်တကူ ရိုက်နိုင်တဲ့စနစ်ပါ။ ဒီစနစ်ကိုတော့ Camera Settings ထဲမှာ တွေ့နိုင်ပါတယ်။

ဖုန်းရဲ့ Settings ထဲမှာပါဝင်တဲ့ Device Maintenance ဆိုတဲ့ စနစ်ကလည်း ဖုန်းမှာရှိတဲ့ Battery, Storage, RAM, Device Security,  Ultra data saving mode အစရှိတဲ့ စနစ်တွေအတွက် Maintenance ပြုလုပ်နိုင်ပါတယ်။

Samsung ရဲ့ ဝန်ဆောင်မှု App တွေထဲက Secure Folder ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာ ရှိနေတဲ့ မိမိရဲ့ အချက်အလက်နဲ့ App တွေရဲ့ လုံခြုံရေးအတွက် အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုဖို့ အကောင့်လို အပ်ပါလိမ့်မယ်။

Advance Feature ဆိုတဲ့ စနစ်ထဲမှာတော့ Gesture အသုံးပြု စနစ်တွေကို မြင်တွေ့နိုင်ပါတယ်။

ဖုန်းအသုံးပြုသူရဲ့ အချက်အလက်တွေကို သိမ်းဆည်းနိုင်မယ့် Samsung Cloud ဆိုတဲ့ စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။

-ကိုသက်