မြန်မာ ၀က်ဘ်ဆိုက် အညွှန်း
www.myanmarworld.com Print E-mail
Monday, 18 August 2008

MyanmarWorldဒီတစ်ပတ် အင်တာနက်ဂျာနယ် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ် ဆိုက်ကတော့ ဖျော်ဖြေရေးဆိုင်ရာ အစီအစဉ်တွေကို ခံစားနိုင်မယ့် ၀က်ဘ်ဆိုက် တစ်ခုပဲဖြစ်ပါတယ်။ www.myanmarworld.com လို့ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်မှာ ရုပ်ရှင်တွေ၊ သီချင်း ဗီဒီယိုတွေ၊ သီချင်းတွေကို နားဆင်ကြည့်ရှုနိုင်မယ့်အပြင် မဂ္ဂဇင်း တွေ၊ e-Books တွေ၊ ဂျာနယ်တွေကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

Read more...
 
www.royal-myanmar.com Print E-mail
Monday, 11 August 2008

ဒီတစ်ပတ် မြန်မာဝက်ဘ်ဆိုက်အညွှန်းကဏ္ဍမှာ အင်တာနက် ဂျာနယ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ထူးဆန်းထွေလာလေးတွေကို လေ့လာသိရှိနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။www.royal-myanmar.com လို့ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်မှာ ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက်မှာပေါ်ပေါက်ခဲ့ဖူးတဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းအရာလေးတွေကိုတတ်နိုင်သမျှ စုစည်းဖော်ပြပေးထားတဲ့အပြင် ဖတ်စရာမှတ်စရာကဏ္ဍမှာဆိုရင်လည်း သိမှတ်ဖွယ်ဗဟုသုတတွေကိုပါ လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။

Read more...
 
www.shwedream.com Print E-mail
Tuesday, 05 August 2008

ဒီတစ်ပတ်အင်တာနက်ဂျာနယ် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင် တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ ဖျော်ဖြေရေးဆိုင်ရာ ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ ““ရွှေအိပ်မက်”” ဆိုတဲ့ ၀က်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ www.shwedream.com  လို့ ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်ဟာဆိုရင် မြန်မာရုပ်ရှင်တွေ၊ ဗီဒီယိုတွေနဲ့ သီချင်းတွေကိုပဲ သီးသန့်တင်ထား တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ရပြီး ၀က်ဘ်ဆိုက်မှာရှိတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေကိုအလွယ် တကူပဲ ရှာဖွေရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

Read more...
 
www.all-channel.com Print E-mail
Monday, 04 August 2008

ဒီတစ်ပတ် အင်တာနက် ဂျာနယ် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ နည်းပညာ၊ ဖျော်ဖြေရေးနဲ့ အားကစားသတင်းတွေကို အွန်လိုင်းကနေ ဖတ်ရှုနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ www.all-channel.com လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်ဟာ သတင်းအချက်အလက်တွေ အပါအ၀င် ပညာရေး၊ အစားအစာ၊ လုပ်ငန်း၊ ဖက်ရှင်နဲ့ နည်းပညာဆိုင်ရာ ကွန်ပျူတာ ဆော့ဖ်ဝဲတွေကို ရေးသား ဖော်ပြ တင်ပေးထားတဲ့ အတွက် ကဏ္ဍစုံ ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ် နိုင်စေမယ့် ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။

Read more...
 
www.myanmarengineer.org Print E-mail
Monday, 04 August 2008
မြန်မာအင်ဂျင်နီယာတွေ စုဝေးပြီး အင်ဂျင်နီယာဆိုင်ရာနဲ့ ကွန်ပျူတာဆိုင်ရာ နည်းပညာတွေ ဆွေးနွေးဖြန့်ဝေပေးနေတဲ့ “မြန်မာအင်ဂျင်နီယာဖိုရမ်” လို့ အမည်ပေးထားတဲ့ ၀က်ဘ်ဆိုက်ပဲဖြစ်ပါတယ်။ www.myanmarengineer.org ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ နည်းပညာသတင်းတွေ၊ ဖိုရမ်ဆွေးနွေးချက်တွေ၊ အင်ဂျင်နီယာနဲ့ ကွန်ပျူတာနည်းပညာဆိုင်ရာ ဗဟုသုတတွေနဲ့ Download တွေကို ဖော်ဆောင်ပေးထားတာ တွေ့ရပါတယ်။ သတင်းကဏ္ဍမှာ နည်းပညာသတင်းတွေအပြင် သတင်းနဲ့ဆုံဆည်းရာဆိုတဲ့ ကျောင်းသူကျောင်းသားများ အတွက်ကဏ္ဍနဲ့ အင်တာဗျူးကဏ္ဍတွေကို ထပ်မံ ဖြည့်ဆည်းပေးထားပါတယ်။ ဖိုရမ်မှာ ဆိုရင်နည်းပညာ ဆွေးနွေးချက်တွေ၊ လုပ်ငန်းအတွေ့အကြုံတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာနဲ့ပတ်သက်ပြီး အခက်အခဲတွေကို ဆွေးနွေးထားတဲ့ အကြောင်းအရာတွေနဲ့ ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို ဖော်ပြပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက်ရဲ့ Register မှာ စာရင်းပေးပြီး အဖွဲ့ဝင်အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ ကွန်ပျူတာနည်းပညာဆိုင်ရာ အထောက်အပံ့ရရှိနိုင်မယ့် Download တွေနဲ့ရုပ်ပုံလွှာတွေ၊ အတွင်းရှိ အချက်အလက် အကြောင်းအရာတွေကိုပါဝင်ရောက် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ သိရှိလိုတဲ့နည်းပညာဆိုင်ရာ ဗဟုသုတတွေကို တောင်းခံနိုင်မှာဖြစ်သလို အဖွဲ့ဝင်အချင်းချင်း တွေ့ဆုံစကားပြောနိုင်တဲ့ Chatroom ပါရှိလို့ ၀င်ရောက်ကြည့်ရှုတဲ့သူတွေ အသိပညာ ဗဟုသုတ တိုးပွားနိုင်မှာ ဖြစ်ပါတယ်။
 
«StartPrev12NextEnd»

Page 2 of 2
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software