|
Monday, 04 August 2008 |
|
ဒီတစ်ပတ် အင်တာနက် ဂျာနယ် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ နည်းပညာ၊ ဖျော်ဖြေရေးနဲ့ အားကစားသတင်းတွေကို အွန်လိုင်းကနေ ဖတ်ရှုနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ www.all-channel.com လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်ဟာ သတင်းအချက်အလက်တွေ အပါအ၀င် ပညာရေး၊ အစားအစာ၊ လုပ်ငန်း၊ ဖက်ရှင်နဲ့ နည်းပညာဆိုင်ရာ ကွန်ပျူတာ ဆော့ဖ်ဝဲတွေကို ရေးသား ဖော်ပြ တင်ပေးထားတဲ့ အတွက် ကဏ္ဍစုံ ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ် နိုင်စေမယ့် ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ ပါဝင်တဲ့ ကဏ္ဍတွေအနေနဲ့ သတင်းတွေ၊ ဖျော်ဖြေရေး ဆိုင်ရာ ကဏ္ဍတွေ၊ Knowledge& Education၊ ကဏ္ဍတွေအပြင် Style နဲ့ Utility Software ကဏ္ဍ တွေကို ထည့်သွင်း ပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ပါဝင်တဲ့ ကဏ္ဍ အသီးသီးကနေ ၀င်ရောက် ဖတ်ရှုတဲ့သူတွေ အနေနဲ့ သတင်း အချက်အလက် ဗဟုသုတ အပြင် Online Free Games တွေ၊ e-Book တွေနဲ့ သီချင်းတွေကိုလည်း ရယူနိုင်ပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်း သုံးစွဲတဲ့သူတွေ အတွက် Ringtone, Wallpaper,Game တွေကို ရယူနိုင်တဲ့ အပြင် နိုင်ငံတကာ ရုပ်ရှင် Trailer တွေကိုလည်း ဖော်ပြပေးထားပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်ဟာ သတင်းအချက်အလက်တွေ အပြင် ၀င်ရောက် ကြည့်ရှုတဲ့သူတိုင်း ရရှိနိုင်တဲ့ အခွင့်အရေးတွေ ပေးထားတဲ့အတွက် နှစ်သက်စေမှာ ဖြစ်ပါတယ်။
|