www.myanmarspace.com Print E-mail
Thursday, 16 October 2008

ဒီတစ်ပတ် အင်တာနက်ဂျာနယ် ပရိသတ်ကြီးအတွက် လူနေမှု အဖွဲ့အစည်းထဲမှာ လူသား အချင်းချင်း ဆက်သွယ်ရေး ကွန်ရက်ဖြစ်စေမယ့် "Myanmar Community Site" ဆိုတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို အင်တာနက်ဂျာနယ်ရဲ့ မြန်မာဝက်ဘ်ဆိုက် အညွှန်းကဏ္ဍမှာ မိတ်ဆက် ဖော်ပြလိုက်ပါတယ်။

 www.myanmarspace.com ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ လူမှုဆက်သွယ်ရေး ကွန်ရက်တစ်ခု အနေနဲ့ အသုံးပြုနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်တာကြောင့် ဒီဝက်ဘ်ဆိုက်မှာ ဘလော့ဂ်တွေ၊ ဖိုရမ်တွေပါဝင်ပြီး အဖွဲ့လိုက် စိတ်အားထက်သန်ရာ စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ ဘလော့ဂ်မှာတော့ ရင်ဖွင့် ခံစားချက်တွေကို ရေးသား ဖတ်ရှုနိုင်မှာဖြစ်ပြီး ဖိုရမ်မှာတော့ နည်းပညာ သတင်းတွေ အပါအ၀င် ဘာသာ သာသနာအကြောင်း၊ ရုပ်ရှင်နဲ့ ဂီတအကြောင်း စသည်ဖြင့် ဆွေးနွေးချက်တွေမှာ ၀င်ရောက် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
 ဒီဝက်ဘ်ဆိုက်မှာ နောက်ထပ် ပါဝင်တဲ့ ကဏ္ဍတစ်ခုကတော့ ဗီဒီယို ကဏ္ဍလေးပဲဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေ၊ သီချင်းတွေ စတာတွေကို ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို ပြည့်ပြည့်၀၀ အသုံးပြုချင်တယ် ဆိုရင်တော့ ၀က်ဘ်ဆိုက်ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ အင်တာနက်ကို လူမှုဆက်သွယ်ရေးအတွက် အသုံးပြုလိုရင်တော့ ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာ ကြည့်သင့်တယ်လို့ ဆိုပါရစေ။

 

www.myanmarspace.com

Comments

Search
book@computer@sound
nice
how to
တအားမိတယ်
အရမ်းကြုက်တယ်
ကြိုက်သွားပြီကွ
ေ ်းဇူးပဲ
အယ္ဒီတာ
Character problem. empty comment
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software