|
Wednesday, 08 October 2008 |
|
ဒီတစ်ပတ် အင်တာနက်ဂျာနယ် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက် ကတော့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ ဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ ၀က်ဘ်ဆိုက် တစ်ခုပဲ ဖြစ်ပါတယ်။
www.mshare.org ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ ဖလှယ်နိုင်အောင် Categories တွေ ခွဲပေးထားပြီး ဘလော့ဂ်နဲ့ ဖိုရမ်တွေမှာ ၀င်ရောက် ဆွေးနွေး ဖလှယ်နိုင်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ နည်းပညာဆိုင်ရာ အချို့ဆော့ဖ်ဝဲတွေကို Download ပေးထားပြီး မိမိဖတ်ရှု လေ့လာချင်တဲ့ အပိုင်းကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ နည်းပညာ ဗဟုသုတတွေ ဆွေးနွေး ဖလှယ်လိုတယ် ဆိုရင်တော့ ၀က်ဘ်ဆိုက် အဖွဲ့ဝင်အဖြစ် စာရင်း ပေးရမှာဖြစ်ပြီး အဖွဲ့ဝင် ဖြစ်သွားပြီ ဆိုရင်တော့ ဖိုရမ်တွေ၊ ဘလော့ဂ်တွေမှာရှိတဲ့ ဆွေးနွေး ဖလှယ်ထားတဲ့ အကြောင်းအရာတွေမှာ ၀င်ရောက်ဆွေးနွေးပြီး မိမိသိရှိတဲ့ ဗဟုသုတတွေကိုလည်း ရေးသားမျှဝေလို့ ရပါတယ်။ လက်ရှိမှာတော့ ၀က်ဘ်ဆိုက်ဟာ စတည်ခါစ ဖြစ်တဲ့အတွက် အကြောင်းအရာတွေ အများကြီး မရှိသေးပေမယ့် ဗဟုသုတ ဖလှယ်မှုတွေ များလာ ရင်တော့ နည်းပညာ စိတ်ဝင်စားတဲ့ သူတွေအတွက် အထောက်အပံ့တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်ကို ၀င်ရောက် လေ့လာရင်းနဲ့ ဗဟုသုတတွေ မျှဝေနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ www.mshare.org
|