|
Wednesday, 10 September 2008 |
|

ဒီတစ်ပတ် အင်တာနက်ဂျာနယ်ရဲ့ မြန်မာဝက်ဘ်ဆိုက်အညွှန်း ကဏ္ဍမှာ ဖော်ပြမိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ ကျန်းမာရေး၊ ပညာရေးမှအစ နည်းပညာ၊ အနုပညာနဲ့ ဖျော်ဖြေရေးဆိုင်ရာ ဗဟုသုတတွေကို မျှဝေပေးထားတဲ့ ဖိုရမ်ဝက်ဘ်ဆိုက်လေးတစ်ခု ပဲဖြစ်ပါတယ်။
www.nativemyanmar.net ဆိုတဲ့ ဒီဝက်ဘ်ဆိုက်မှာပါဝင်တဲ့ ကဏ္ဍတွေအနေနဲ့ သတင်းအချက် အလက်တွေအပါအ၀င် အတွေးအခေါ်တွေ၊ Love & Romance၊ စတာတွေ ပါဝင်တဲ့ General ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်စတာတွေ ဆွေးနွေးဖော်ပြထားတဲ့ Society ကဏ္ဍ၊ စာပေ၊ အနုပညာ၊ ရုပ်ရှင်၊ ဂိမ်းနဲ့ အားကစား စတာတွေ ဆွေးနွေးထားတဲ့ Arts & Entertainment ကဏ္ဍနဲ့ ကွန်ပျူတာနဲ့ အင်ဂျင်နီယာနည်းပညာတွေ မျှဝေထားတဲ့ Science & Technology ကဏ္ဍ စ သည်ဖြင့် ပါဝင်ပြီး Topicsး ပေါင်း ၂၄၈၀ကျော်နဲ့ Posts ပေါင်း ၂၅၉၉၀၀ ခုကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ဆွေးနွေးကြ တဲ့ အကြောင်းအရာတွေ အနေနဲ့ ဗဟုသုတရရှိစေနိုင်မယ့်အပြင် အဖွဲ့ဝင်အနေနဲ့ မိမိသိရှိလိုတဲ့ အကြောင်းအရာကိုလည်း တင်ပြဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ဟာ အထွေထွေ ဗဟုသုတတွေအပြင် ကျန်းမာရေး၊ ပညာရေး၊ ကွန်ပျူတာနဲ့ အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဗဟုသုတတွေကိုပါ ရရှိစေနိုင် မှာဖြစ်ပြီး ဖျော်ဖြေရေးအတွက် ရုပ်ရှင်တွေ၊ သီချင်းတွေနဲ့ ဂိမ်းတွေကိုပါ လေ့လာအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုလို့ ပြောနိုင်ပါတယ်။ www.nativemyanmar.net
|