|
Monday, 01 September 2008 |
|
ဒီတစ်ပတ် အင်တာနက်ဂျာနယ်ရဲ့ မြန်မာဝက်ဘ်ဆိုက်အညွှန်းကဏ္ဍမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို လေ့လာဖတ်ရှုနိုင်မယ့် ကျန်းမာရေးဆိုင်ရာ မြန်မာဝက်ဘ်ဆိုက်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ www.myanmarhealthcare.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ စာစဉ်တွေကို ဖော်ပြပေးထားပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ ရရှိနိုင်မယ့် အလှအပနှင့် ကျန်းမာရေး၊ အစားအသောက်အနေအထိုင်၊ လူနေမှု ဘ၀ပုံစံတွေကို ကဏ္ဍအလိုက် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးအတွက် သိသင့်သိထိုက်တဲ့ အစားအသောက်အညွှန်း၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကိုလည်း လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဗဟုသုတတွေကို ဖတ်ရှုလေ့လာနိုင်တဲ့အပြင် ပါဝင်တဲ့ကဏ္ဍတွေကို အီးမေးလ်ကနေ Newsletter အနေနဲ့ ရယူလို့ ရနိုင်ပါတယ်။ ဒီ ၀က်ဘ်ဆိုက်မှာ ဖော်ပြပေးခဲ့ဖူးတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို ပြန်ပြီးဖတ်ရှုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ အသိပညာတွေကို အွန်လိုင်းပေါ်မှာ လေ့လာဖတ်ရှုချင်တဲ့သူတွေအတွက် ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာ သင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။ www.myanmarhealthcare.com
|