|
Monday, 11 August 2008 |
|
ဒီတစ်ပတ် မြန်မာဝက်ဘ်ဆိုက်အညွှန်းကဏ္ဍမှာ အင်တာနက် ဂျာနယ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ထူးဆန်းထွေလာလေးတွေကို လေ့လာသိရှိနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။www.royal-myanmar.com လို့ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်မှာ ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက်မှာပေါ်ပေါက်ခဲ့ဖူးတဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းအရာလေးတွေကိုတတ်နိုင်သမျှ စုစည်းဖော်ပြပေးထားတဲ့အပြင် ဖတ်စရာမှတ်စရာကဏ္ဍမှာဆိုရင်လည်း သိမှတ်ဖွယ်ဗဟုသုတတွေကိုပါ လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ ပါဝင်တဲ့ကဏ္ဍတွေအနေနဲ့ကတော့ ကျန်းမာရေးဆိုင်ရာဗဟုသုတတွေ ဖော်ပြပေးထားတဲ့ ကဏ္ဍ၊ နည်းပညာဆိုင်ရာတိုးတက်ဖြစ်ထွန်းမှုတွေကို ဖော်ပြပေးထားတဲ့ကဏ္ဍ၊ သတင်းကဏ္ဍတွေနဲ့ဖျော်ဖြေရေး၊ အစားအသောက်စတဲ့ မှတ်ဖွယ်မှတ်ရာအဖြာဖြာကိုဖော်ပြပေးထားပါတယ်။ဒီဝက်ဘ်ဆိုက်ရဲ့ အခြားအသုံးပြုလို့ရတဲ့အရာတွေအနေနဲ့ ဖိုရမ်ကဏ္ဍမှာ ၀င်ရောက်ရေးသားဆွေးနွေးနိုင်မှာဖြစ်သလို အသုံးပြုသူတွေအနေနဲ့ မိမိလေ့လာသိရှိတဲ့ဗဟုသုတတွေကို ဘလော့ဂ်ရေးပြီးဖြန့်ဝေပေးနိုင်မှာဖြစ်ပါတယ်။ ဖိုရမ်မှာ သီချင်းတွေ၊ နိုင်ငံခြားရုပ်ရှင်ကားတွေကို တောင်းဆိုနိုင်မှာဖြစ်သလို topic အသစ်တွေကိုလည်းတောင်းဆိုနိုင်ပါတယ်။ ဒါကြောင့်အွန်လိုင်းပေါ်က ၀က်ဘ်ဆိုက်တွေကနေ ဗဟုသုတရှာဖွေလိုတဲ့သူတွေအတွက် ဒီဝက်ဘ်ဆိုက်ဟာဝင်ရောက်လေ့လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ www.royal-myanmar.com
|